တပ်မတော်က ဗုံးကြဲလို့ပြည်သူတွေသေဆုံးခဲ့တယ်ဆိုတဲ့သတင်းမှား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာမှာ PDF အကြမ်းဖက်တွေနဲ့ KIA သောင်းကျန်းသူတွေ ရောက်ရှိခိုအောင်းနေကြောင်း အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေသခံပြည်သူတွေရဲ့ နေရာအတိအကျသတင်းပေးပို့ချက်အရ တိုက်ခိုက်ချေမှုန်းခဲ့ရာ PDF အကြမ်းဖက်တွေနဲ့ KIA သောင်းကျန်းသူတွေ တော်တော်အထိနာပြီး ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်…

ဒါကို ထုံးစံအတိုင်း ခေတ်သစ်မီဒီညာအပါအဝင် ပြည်ဖျက်မီဒီညာတွေနဲ့ အကြမ်းဖက်အားပေးလော်ဘီတွေက မဟုတ်မမှန်သတင်းတွေနဲ့ သေသွားတဲ့သူတွေဟာ ပြည်သူတွေလို့ လိမ်ညာဂျင်းထည့်တော့တာပဲ… မသေခင်တုန်းကတော့ ပြည်သူ့ဘက်တော်သားတွေ၊ တော်လှန်ရေးသမားတွေလို့ ပြောဆိုဂုဏ်ဆာခဲ့တဲ့ ပျက်ပြည်ဖျက်မီဒီညာတွေနဲ့ အကြမ်းဖက်အားပေးတွေက သေသွားမှ ပြည်သူတဲ့လား…

သေသွားတဲ့သူတွေဟာ PDF အကြမ်းဖက်တွေနဲ့ KIA သောင်းကျန်းသူတွေဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *