ငလျင်ပြန်လည်ထူထောင်ရေးအတွက် ဘိလပ်မြေများကို စက်ရုံဈေးဖြင့် ရောင်းချပေး

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေများကို ဘိလပ်မြေစက်ရုံ(မြိုင်ကလေး)နှင့် ဘိလပ်မြေစက်ရုံ (ပြည်ညောင်) တို့မှ စက်ရုံအထိုင်ဈေးဖြင့် ရောင်းချပေးနေကြောင်း အစိုးရသတင်းများက ဖော်ပြသည်။

ယင်းဘိလပ်မြေများကို ငလျင်ဘေးဒဏ်သင့် ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ရောင်းချပေးသွားမှာဖြစ်ကြောင်း သတင်းများက ဆိုထားသည်။

အလားတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များက မှာယူသည့် ဘိလပ်မြေတန်ချိန် ၅၁၀၀ ကျော်ကို ဧပြီ ၈ ရက်မှ စတင်ပြီး သက်ဆိုင်ရာ ဘိလပ်မြေစက်ရုံများမှ အထူးအစီအစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်းနှင့် ပြည်တွင်းရှိ အခြားဘိလပ်မြေစက်ရုံများမှလည်း ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

mhtnews@myanmarhardtalk

Leave a Reply

Your email address will not be published. Required fields are marked *