မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုများနှင့်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုများ အတွက် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က ဝမ်းနည်းကြောင်းပြောကြားခဲ့သည်။ပါကစ္စတန်အစိုးရနှင့်ပြည်သူများကိုယ်စားဝမ်းနည်း ကြောင်း သဝဏ်လွှာကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြေငလျင်ကြောင့် အဖိုးတန်အသက်များ ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းကြေကွဲရပါသည် ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ယခုကဲ့သို့ ဝမ်းနည်းကြေကွဲရချိန်တွင် ပါကစ္စတန်သည် မိတ်ဆွေတို့၏ ခင်မင်မှုအရ မြန်မာနှင့်အတူရပ်တည်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကအလေးပေးပြောကြားခဲ့သည်။”ဒီလိုဒုက္ခကိုရင်ဆိုင်ရာမှာ မြန်မာပြည်သူပြည်သားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ပြန်လည်ရုန်းထနိုင်မှုဟာ လေးစားအားကျဖွယ်ကောင်းပါတယ်” ဟုဆိုပြီး မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးတို့၌ ပါကစ္စတန်က စည်းလုံးညီညွတ်မှုကိုထုတ်ဖော်ပြသခဲ့သည်။မြန်မာနိုင်ငံရှိငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပါကစ္စတန်က ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းများအတွက် ဝန်ကြီးချုပ်ကိုလည်းကျေးဇူးတင်ရှိပါကြောင်းသံအမတ်ကြီးဦးဝဏ္ဏဟန်ကပြန်လည်ပြောကြားခဲ့သည်။
မြန်မာငလျင်၌ သေဆုံးမှုများအတွက်ဝမ်းနည်းကြောင်းပါကစ္စတန်ဝန်ကြီးချုပ်ပြော
