ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများကို တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းစီထောက်ပံ့မည်

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအား တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းစီထောက်ပံ့ပေးသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၅ ရက်မွန်း လွဲပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ၌ပြောကြားခဲ့သည်။-ထိခိုက်သေဆုံးသူများအတွက် ငွေကြေးထောက်ပံ့ပေးသွားမည့်အပြင် အဆောက်အဦးပျက်စီးမှုများအပေါ်မူတည်၍ နိုင်ငံတော်မှထောက်ပံ့ပေးသွားမည်ဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေသူ များအနေဖြင့် မတော်လောဘဖြင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမရှိစေရန် သက်ဆိုင် ရာအစိုးရအဖွဲ့များက မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ် ဆောင်ရွက်ရမည်ဟု မှာကြားသည်။-” ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အစားအ သောက်တွေ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ ယာယီနေထိုင်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ ယာယီဆေးရုံတွေလုံလောက်စွာရရှိစေဖို့အတွက် မိမိအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ဆွေနွေးဆောင်ရွက် နေပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။-ထို့ပြင် ငလျင်ဒဏ်သင့်ပြည်သူများ ယာယီနေထိုင်မှုအဆင်ပြေစေရေးနှင့် မိုးမကျမီယာယီအဆောက်အဦများ၌ ကောင်းမွန်စွာ နေထိုင်နိုင်ရေး၊ ငလျင်ဒဏ်ကြောင့် လူအများစုအဆောက်အဦများ၏ ပြင်ပတွင်နေထိုင်လျက်ရှိကြ၍ ယာယီနေထိုင်မှုများအ ဆင်ပြေစေရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ယာယီတဲများအားလုံးကို ထုတ်ယူ သုံးစွဲရန် ညွှန်ကြားထားသည်ဟု ပြောသည်။-ထို့အတူ ငလျင်ဒဏ်သင့်ပြည်သူများ ဝမ်းရောဂါများမဖြစ်ပွားစေရန် သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ယာယီယင်လုံအိမ်သာများတည် ဆောက်ပေးရမည်ဖြစ်ကာ ဝမ်းရောဂါကာကွယ်ဆေးနှင့် ကုသဆေးများကိုလည်း ဖြည့်ဆည်းပေးထားရမည်ဖြစ်ကာ သန့်ရှင်းသည့် သောက်သုံးရေများရရှိစေရန် မိမိတို့အနေဖြင့် ရေသန့်များ ဖြန့်ဝေပေးသကဲ့သို့ နိုင်ငံတကာမှ ရေသန့်စက်များရရှိစေရန်လည်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။-ထို့ကြောင့်ရေသန့်များလုံလောက်စွာမရရှိနိုင်သေးချိန်တွင် ရေကိုကျိုချက်သောက်သုံးနိုင်ရန်ဆောင် ရွက်ပေးရမည်ဖြစ်ပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူ များနေထိုင်မှုအဆင်ပြေစေရန် နိုင်ငံတော်မှ ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ တာဝန်ရှိသူ များမှ အလေးထားပြီးဝိုင်းဝန်းဖြည့်ဆည်းဆောင် ရွက်ပေးရမည်ဖြစ်ကာ ယာယီနေထိုင်သည့်အချိန်တွင်လည်း မိသားစုအလိုက် လုံခြုံမှုရှိစွာနေထိုင်နိုင်ရေးကိုဆောင်ရွက်ပေး၍ ဘက်ပေါင်းစုံမှစဉ်းစားကာ လိုအပ်သည်များအားလုံးကို စီစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟု နစကဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *