(ပြည်ပ ထူးခြားသတင်းများ)
-အိန္ဒိယနိုင်ငံ ဂျမူး – ကပ်ရှမီးယားဒေသအတွင်းသို့ ပါကစ္စတန်ဘက်မှ လှိုင်ခေါင်းအသုံးပြု၍ အကြမ်းဖက်သမားများဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေသည် ။
-ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရေမြောင်းဆင်းဆယ်နေသော မြန်မာအလုပ်သမား ၂ ဦး ဖြစ်သည့် ကိုမင်းလွင်ဝင်း ( ၃၅ နှစ်) နှင့် ကို လင်းနိုင် ( ၃၆ နှစ် ) တို့ ဓါတ်လိုက်သေဆုံးသည် ။
-ချင်းမိုင်တွင် လေထုညစ်ညမ်းမှု့နှင့် အပူလွန်ကဲလာမှု့ စိုးရိမ်ရသောအခြေအနေဖြစ်လာကြောင်း သတိပေးထားပြီး မနှစ်က အပူဒဏ်ကြောင့် လူ ၆၃ ဦးသေဆုံးခဲ့သည်။
-ထိုင်းဝန်ကြီးချုပ် ပေထုံတန် သည် ဘတ် ၂၁၈.၇ သန်းတန်ဘိုးရှိ လက်ဆောင်ရသော ရှယ်ယာ များ ကို အခွန်မဆောင်ခဲ့ကြောင်း အတိုက်အခံ PP ပါတီကစွပ်စွဲလိုက်သည် ၊ ထိုင်း ဥပဒေ တွင် လက်ဆောင်ပစ္စည်းလက္ခံရရှိပါက တန်ဘိုး၏ ၅ % အခွန်ဆောင်ရမည်ဟု သပ်မှတ်ပြဌားန်းထားသည် ။
-ပေါ်တူဂီ ဘော်လုံးအသင်း ကပ္ပတိန် အသက် ၄၂ နှစ်အရွယ် ရော်နယ်ဒိုသည် မနေ့ကပြုလုပ်သော ဒိန်းမတ် နှင့် ကစားသောပွဲတွင် ဂိုးသွင်း အနိုင်ရခဲ့၍ နိုင်ငံကိုယ်စားပြုအသင်းအတွက် ၁၃၂ ပွဲ အများဆုံးနိုင်ပွဲရသူအဖြစ် ဂင်းနစ် မှတ်တမ်းဝင်သွားသည် ။
ယီမင်အနီး ဧဒီယံပင်လယ်ပြင်တွင် ကမ်းတက်တိုက်ပွဲလေ့ကျင့်ခန်းတစ်ခုကို အမေရိကန်စစ်တပ်က ပြုလုပ်ခဲ့သည် ။
(ပြည်တွင်း ထူးခြားသတင်းများ)
-ခြံအမှတ် ၅၄ ကို ဦးအောင်ဆန်းဦးအဆိုပြုသည့်အတိုင်း ကျပ် ၂၇၀ ဘီလျံ ဖြင့်ရောင်းချရန် တရားရုံးကဆုံးဖြတ်ခဲ့သည် ။
-ထန်တလန်မြို့ပြင်ရှိ နစက ကောင်စီဝင် ဒေါက်တာမှုးထန် ၏ အိမ်နှင့်ခြံကို ချင်းသူပုန် က သိမ်းယူကြောင်း ကြေငြာခဲ့သည် ။
-ဧရာဝတီတိုင်း ရှောပြာ နှင့် လေးမျက်နှာမြို့နယ် ရိုးမအစပ်ကရွာများ AA နှင့်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည် ။
-မကွေးတိုင်း ဆောမြို့နယ်မှတဆင့် ပလက်ဝ ဘက်သို့ ကားဖြင့်တင်သွင်းလာသော ပြည်မထုတ် ရာနှင့်ချီသည့် ဂရင်းရိုင်ရယ် အရက်ပုလင်းများကို အခွန်မဆောင်၍ဟုဆိုကာ AA ကဖမ်းထားသည် ။
-နွားထိုးကြီး PDF ခေါင်းဆောင် စိုးအောင် နှင့်အဖွဲ့ အုပ်စုလိုက်စီးလာသော ဒန်ဘာကား ၂ စီး လေယာဥ်ဗုံးထိ၍ ၃၀ ကျော် သေသည် ၊ ဒဏ်ရာရသူ ၂၀ ခန့်အား လက်ဝဲမြင်းနီရွာ ရှိ PDF ခေါင်းဆောင် ကိုလင်း ၏ ၃ ထပ်တိုက်၌ဆေးကုနေစဥ် လေယာဥ်ဗုံးကျ၍ ၃ ထပ်တိုက်ပြိုကာ ထပ်သေသည်ဟု သတင်းရရှိသည် ။
