စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ပေါ်က အထက်တန်းကျောင်းတစ်ကျောင်းပေါ်ကို PDF တွေက Drone အသုံးပြုပြီး Drop Bomb ချတိုက်ခိုက်ခဲ့တာကြောင့် အထက်တန်းပြဆရာမတစ်ဦးနှင့် ၎င်း၏ ကလေးငယ်တစ်ဦးတို့ သေဆုံးသွားခဲ့သည်ဟု သိရသည်။
-ယင်းဖြစ်စဉ်သည် မတ် ၁၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထက(တန့်ဆည်)တွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၆ နှစ်အရွယ်ရှိ အထက်တန်းပြ ဆရာမ ဒေါ်သီတာစိုးမှာ ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်ကာ ၎င်း၏သမီးဖြစ်သူမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေစဉ် မတ်လ ၁၁ ရက်တွင် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-အလားတူ ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း စစ်ကိုင်းမြို့ မင်းကွန်းဒေသ၌ Grade 5 နှင့် Grade 9 ကျောင်းသား ၆၀ ဦးအား စာမေးပွဲ ဖြေဆိုနိုင်ရန် ဦးဆောင်စီစဉ်ပေးနေသူ အထက(မင်းကွန်း) မှ အလယ်တန်းပြ ဆရာ ဦးမျိုးဝင်း ကို PDF များက နေအိမ်အထိ လာရောက် သတ်ဖြတ်ခဲ့သဖြင့် စာမေးပွဲဖြေဆိုဆဲ ကျောင်းသူ/သားများ စာမေးပွဲဖြေဆိုမှု ရပ်တန့်ခဲ့ရသည်ဟုလည်း သိရသည်။

