ကုသိုလ်ရှိရင်သက်သာတယ် ကုသိုလ်တွေပြုထားသည့်အတွက်အဆင်မပြေမှု အခက်အခဲတွေမလာတော့ဘူးတော့ဘယ်ဟုတ်မလဲ ။ ကုသိုလ်ပြုထားတော့အဆင်မပြေမှု အခက်ခဲတွေကနေမြန်မြန်အသာလေးကျော်နိုင်တာပေါ့ ။ တရားကျင့်ထားသည့်အတွက်ဆင်းရဲခြင်းတွေကမကြုံတော့ဘူးလို့တော့ဘယ်ဟုတ်မလဲ ။ တရားကျင့်ထားတော့ကိုယ်စိတ်ဆင်းရဲခြင်းတွေကနေအမြန်ချမ်းသာလွတ်ကင်းနိုင်တာပေါ့ ။ ဘုရားရှိခိုးထားသည့်အတွက်ဘေးရန်တွေကနေအားလုံးကင်းသွားပြီးတော့ဘယ်ဟုတ်မလဲ ။ ဘုရားရှိခိုးထားတော့များများစားစားဘေးရန်မတွေ့ရဘူးပေါ့ ။ […]