အကြမ်းဖက် PDF များမှပြည်သူများအပေါ်အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ

-မတ်လ ၆ ရက်နေ့ ၁၀၀၀ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ကံကြီးကုန်းကျေးရွာတွင်နေထိုင်သော ဦးဝင်းသန်း (၅၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဝင်းသန်းတွင် ဦးခေါင်းနောက်စေ့၊ ယာချိုစောင်းကျည်၊ ဝဲ/ယာပေါင် ကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-မတ်လ ၆ ရက်နေ့ ၁၅၀၀ နာရီတွင် ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျေးရွာတွင်နေထိုင်သော ဦးထွန်းဝေ(ခ)သံလုံး(၅၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးခန့်မှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးထွန်းဝေ(ခ)သံလုံးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေပြီး သားဖြစ်သူ ချစ်မင်းသက်(၃၂)နှစ်တွင် ယာဒူးအောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့။

-မတ်လ ၆ ရက်နေ့ ၁၄၃၀ နာရီတွင် အုတ်ဖိုမြို့နယ်၊ သာလိကာကျေးရွာတွင်နေထိုင်သော ဦးမြင့်ဦး(၅၅)နှစ်သည် နေအိမ်နောက်ဘက်၌ မတ်ပဲချွေလှေ့နေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးမြင့်ဦးတွင် ဝဲပါး၊ ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး၊ ဦးမြင့်ဦး ပိုင်ဆိုင်သည့် ဖောကား(အနီရောင်) ၁ စီးအား ယူဆောင်၍ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရ။

-မတ်လ ၆ ရက်နေ့ ၁၇၅၅ နာရီတွင် မူဆယ်မြို့နယ်၊ ဝိန်းနန်းကျေးရွာနေ လီကျားရှန်း(၄၀)နှစ်သည် ဝိန်းနန်းကျေးရွာ၊ တရုတ်ဘုံကျောင်းအနီး၌ ထင်းခွေနေစဉ် အကြမ်းဖက်သူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးအား နင်းမိ ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် လီကျားရှန်းတွင် ဝဲခြေကျင်းဝတ်ပြတ်၊ ယာခြေသလုံးမိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ဗဟိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *