ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တစ်ဦးအား အကြမ်းဖက် PDF များက ရက်ရက်စက်စက်သတ်ဖြတ်

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၆နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြိုနယ်၊ကံကြီးတောကျေးရွာ၌ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ ဖာသာရ်မာတင်ဒေါနယ်ကို PDF က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးပြီးနောက် ရွာအပြင်၌ ဓါးဖြင့် အပိုင်းပိုင်းပြုလုပ်ပြီး သတ်ဖြတ်လိုက်သည်။

ကံကြီးတောကျေးရွာ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ ဖာသာရ်မာတင်ဒေါနယ် ရက်စက်စွာ သတ်ဖြတ်မှုသည် စစ်သွေးကြွ PDF လက်ချက်သာဖြစ်ကြောင်း NUG ထောက်ခံသည့် မီဒီယာများက ဝန်ခံထားသည်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက တောင်းဆိုလိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *