၂ နှစ်အရွယ်မိန်းကလေး ၁ ဦးအား သေဆုံးအောင်ရိုက်ခဲ့တဲ့ မိခင်နဲ့ပထွေးကို လူသတ်မှုနဲ့ရဲကဖမ်းထား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေရရှိထားတဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေး ၁ ဦး ဖေဖော်ဝါရီ ၈ ရက် မနေ့မနက်ပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကလေးမိခင်မှာ ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ ၄ က အသက် ၂၅ နှစ် အရွယ် မပြည့်စုံဝင်း သေဆုံးကလေးငယ်နဲ့အတူနေသူဖြစ်ပြီး ပထွေးမှာ သီရိမင်္ဂလာရပ်ကွက်၊ နယ်မြေ ၁၄ မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ရန်နိုင်စိုးဖြစ်ကာ မိခင်က ပထွေးဖြစ်သူနေအိမ်ကိုသွားရောက်တိုင်း ကလေးကိုခေါ်သွားလေ့ရှိကာ ခေါ်ဆောင်သွားတိုင်းလည်း ပထွေးဖြစ်သူက မကြာခဏရိုက်နှက်နှိပ်စက်လေ့ရှိတယ်လို့ သိရပါတယ်
” ကလေးမှာက ဒဏ်ရာဒဏ်ချက်တွေ အများကြီးရထားတာ။ ကြားတာကတော့ ကလေးကိုလက်နဲ့ရိုက်တာပေါ့နော်။ ရဲကစစ်ချက်ယူတာတောင် ကလေးကို ချစ်လို့ကုန်းကိုက်တာလို့ပဲ ဖြေတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *