ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်သမ္မတအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)၏ နောက်ခံသမိုင်းအကျဉ်း၊ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ နိုင်ငံတော်အကြီးအကဲရောက်ရှိစစ်ဆေးစဉ်လမ်းညွှန်မှာကြားချက်များအားဆောင်ရွက်ပြီးစီးမှု၊ မီးရထားလမ်းများကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကုန်တွဲများတည်ဆောက်လျက်ရှိမှု၊ နိုင်ငံတကာအဆင့်မီ မီးရထားပို့ဆောင်မှုစနစ်ဖြစ်စေရေး မီးရထားဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရန်…