နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းအချိန်က ဖလမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် အကြမ်းဖက် CDF အင်အား ၆၀ ကျော်ခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ –
(၁) CDF အလောင်း -၈ လောင်း၊ ရှင်းရင်းထပ်ရ CDF ၃ လောင်း၊ ပေါင်း ၁၁ လောင်း
(၂) သေနတ်မျိုးစုံ -၁၃ လက်
- MA-1 ၆ လက်
- MA-3 ၁ လက်
- BA-63 ၂ လက်
- MA-12 ၁ လက်
- M-16 ၁ လက်
- M-22 ၁ လက်
- RPG(M-12) ၁ လက်
(၃) ကျည်မျိုးစုံ ၁၀၅ တောင့်၊ ကျည်အိမ် ၅ ခု
(၄) RPG ဒုံးသီး ၆ လုံး၊ ပို့ကျည် ၄ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
အဆိုပါဖြစ်စဉ်တွင် CDF အလောင်း ၈ လောင်းအား တိုက်ပွဲဖြစ်ပွားရာနေရာတွင် ရရှိခဲ့ခြင်းဖြစ်ပြီး နယ်မြေလိုက်ရှင်းစဉ် ချုံပုတ်အတွင်း ထိုးထည့်ဖွက်ထားသည့် ရန်သူ့အလောင်း ၃ လောင်း အား ထပ်မံရရှိခဲ့ခြင်း ဖြစ်ပါသည်။