မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

🌷စိတ်ဆိုးရင် စကားမပြောနဲ့🌷

ဘာဖြစ်လို့လဲ?
စကားကောင်းမထွက်ဘူး..

ဒါဆိုဘယ်လိုပြောရမလဲ?

စကားအပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားပေးထား
တာရှိတယ်

စကားပြောတဲ့အခါမှာ..
၁။ ပြောသင့်တဲ့အချိန်မှာ ပြောမယ်
မပြောသင့်တဲ့အချိန်မှာ မပြောဘူး..

၂။ မှန်တာကိုပဲ ပြောမယ်..
မမှန်တာကို မပြောဘူး..

၃။ ပြောမယ်ဆိုရင်လည်း
ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့
သိမ်သိမ်မွေ့မွေ့ပြောမယ်..

၄။ ပြောတဲ့အခါမှာ
အကျိုးရှိတဲ့စကားကိုသာပြောမယ်
အကျိုးမရှိတာကို မပြောဘူး..

၅။ ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်..
ဒေါသနဲ့မပြောဘူး..

ဒီအတိုင်းသာ သတိထားပြီး
လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင်

မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း
ပြဿနာ တက်စရာ အကြောင်း မရှိ
တော့ဘူး..

မေတ္တာနှလုံးပျက်သွားတာဟာ
ကိုယ့်ရဲ့အပြောကြောင့်ပဲ နော်..

မပြောသင့်တာကို ပြောမိလို့

ကြမ်းကြမ်းတမ်းတမ်း ပြောမိလို့..

အေး..မဟုတ်တာသွားပြောမိရင်လည်း
ပြဿနာတက်တတ်တယ် နော်..။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာနန္ဒမာလာဘိဝံသ