ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွား

ကချင်ပြည်နယ်   ဖားကန့်မြို့၌  ယနေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်အချို့အတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းသောကြောင့်  ငှက်ပျောတောရပ်ကွက်၊ မြို့မရပ်ကွက်၊  မှော်ဝမ်းရပ်ကွက်၊  အေးမြသာယာနှင့်  မရှီကထောင်ရပ်ကွက်တို့၌  ရေဘေးသင့်ပြည်သူ ၁၉၅၇ ဦးခန့်ရှိသည်။

အဆိုပါ   ရေဘေးသင့်ပြည်သူများအတွက်  နယ်မြေခံတပ်မှ တာဝန်ရှိသူများက ထမင်း၊ ဟင်း ၂၁၀၀ ဘူးနှင့် ရေသန့်ဘူး ၂၂၀၀ ကို  ပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *