
ရေဘေးသင့်ပြည်သူများကို ကူညီလိုသည့်အတွက် မျက်စိနှစ်ကွင်းကွယ်သည်အထိ ပေးဆပ်ရယူခဲ့ရသည့် ကမ္ဘာ့ချန်ပီယံခါးပတ်နှင့် ညီဖြစ်သူ သန့်ဇင်၏ ONE နိုင်ပွဲရ လက်အိတ်ကို လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ရိုးရာ လက်ဝှေ့ကျော်ဟောင်း ထွန်းလွင်မိုးက စက်တင်ဘာ (၁၄)ရက်ညပိုင်းတွင် သူ၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်အသိပေးထားသည်။
၎င်းနှင့် ညီဖြစ်သူ သန့်ဇင်တို့ သည် ဆင်းရဲသော်လည်း ဆုတံဆိပ်များကို ငွေကြေးထက်တန်ဖိုးထားသူများဖြစ်ကြောင်း၊ သို့ သော် ၎င်း၏ စီနီယာ ထွန်းထွန်းမင်း၏ မွန်မြတ်သောဆုံးဖြတ်ချက်နှင့် လှူဒါန်းမှုကို လေးစားအားကျ၍ အမွန်မြတ်ဆုံး အလုပ်သင့်ဆုံးအလုပ်တစ်ခုကို မိသားစုနှင့်တိုင်ပင်ကာ ညီအစ်ကိုနှစ်ယောက်လည်း ပါဝင်လှူဒါန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။