နိုင်ငံတကာထူးခြားသတင်းများ
-အမေရိကန် တက္ကဆပ်ပြည်နယ် ၄၅ မိနစ်အတွင်း ၂၆ ပေ အထိ ရုပ်တရက် မြစ်ရေတက်လာ၍ လူ ၅၂ ဦးသေပြီး ရေမြောသွားသူများကိုလိုက်ကယ်လျှက်ရှိသည်။
-အင်ဒိုနီးရှာနိုင်ငံ ဘာလီကျွန်းအနီး ကူးတို့သင်္ဘော မှောက်၍ ၅ ဦးသေ ၃၀ ဦးပျောက်နေသည်။
-ရုရှား မှ ဒရုန်း နှင့်မစ်ဇိုင်း ထောင်ချီသုံး၍ ယူကရိန်းမြို့တော် ကိယက် ကို တိုက်ခိုက်ခဲ့သည် ။
-ဂါဇာတွင် အစ္စရေးပစ်ခတ်၍ ပါလက်စတိုင်း ၁၀၀ ကျော်သေဆုံးပြီး ရိက္ခာဝေနေသော အမေရိကန် ၂ ဦးပါ ဒဏ်ရာရသည်။
-နှစ် ၉၉ သန်းရှိ ပုရွက်ဆိပ် နှင့် ယင်ကောင်ပါသော မြန်မာ့ပယင်း ကို တရုတ်ပညာရှင်များလေ့လာနေသည်။
-ထိုင်း သုဝဏ္ဏဘူမိ လေဆိပ်တွင် စပါးအုန်းမွေပေါက် ၃ ကောင်ကို အတွင်းခံဘောင်ဘီထဲ ထည့် သယ်လာသူ သီရိလင်္ကာနိုင်ငံသားကို ရှားပါးတိရိစ္ဆန် မှောင်ခိုမှု့ဖြင့် ဖမ်းသည်။
ပြည်တွင်းထူးခြားသတင်းများ
-ချင်းပြည်နယ် ရိခေါဒါ မြို့ကိုသိမ်းထားသော CDF ချင်းသူပုန်လက်ထဲမှ CNDF ချင်းသူပုန် က ပြန်သိမ်းရာ ၂ ဘက် အသေများပြီး ပြည်သူ ၃၀၀ ကျော် အိန္ဒိယထွက်ပြေးသည်။
-ကျွန်းလှမြို့နယ် ရွာကြီးကုန်းရွာ PDF ရေနံချက်ဖိုအား ဗုံးကြဲရာ ဆီပေပါ ၃၀၀ ကျော်နှင့် ကား ၂ စီး မီးလောင်ပျက်ဆီးသည်။
-ပေါက် နှင့် သပိတ်ကျင်းမြို့နယ်များအတွင်းရှိ PDF စခန်းငယ်များရှင်းလင်းခံရပြီး အလောင်း နှင့် လက်နက်များကျန်ခဲ့သည်။
-စစ်ကိုင်းတောင်ခြေ ရှိ ဝါးချက်ရွာတွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံများ တိမ်းရှောင်နေရသည်။
-ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးအုပ်စု လှေလုံးကွဲရွာတွင် ဇူလိုင် ၃ ရက်က အသက် ၃၂ နှစ် ၊ ၄ ရက်နေ့ ၁၆ နှစ်အရွယ် ကျား ၂ ဦး ၊ ၂ ရက်ဆက်တိုက် မိကျောင်းဆွဲ ခံရကာ အလောင်းပြန်မရပေ ။
-မန္တလေး တောင်ပြုံးပွဲ သြဂုတ် ၁ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
