ဂျပန်ကျူးကျော်မှုဆန့်ကျင်ရေးနဲ့ ဖက်ဆစ်တိုက်ဖျက်ရေး နှစ် ၈၀ ပြည့်မှာ အလှပြပျံသန်းတဲ့ YY-20A စစ်ဘက်သုံးကုန်တင်လေယာဥ်ကြီးသုံးစီးက H-6N, J-16နဲ့ J-20 တိုက်ခိုက်ရေးလေယာဥ်သုံးစီးကို လိုက်ပါစောင့်ရှောက်ခဲ့ပါတယ်။
ဒီအထဲမှာ လေတပ်ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ လေယာဥ်မှူး Tan Hongmei ဟာ YY-20A ရဲ့အုပ်မှူးဖြစ်ပြီး တရုတ်ပြည်တွင်းထုတ် Y-20 သယ်ယူပို့ဆောင်ရေးလေယာဥ်တွေကို ကြီးကြပ်ရတဲ့ အနည်းငယ်သော အုပ်မှူးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာမော်ဒယ်လ်မတူတဲ့ လေယာဥ်အမျိုးအစား ၆ မျိုးကို ပျံသန်းဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ပြီး စွမ်းရည်ပြပျံသန်းမှုတွေနဲ့ အရေးပါတဲ့လေ့ကျင့်ပျံသန်းမှုတွေမှာ ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။
crd***hello myanmar


