စက် ၈ ရက် တနင်္လာ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းမှာ –

-နျူဓါတ်ပေါင်းဖို ၄ လုံးအသစ်တည်ဆောက်နေသော တရုတ်ကို ရုရှား က အပြည့်အဝကူညီပေးနေပြီး နောက်ထပ် ၄ လုံး ထပ်တည်ဆောက်ရန်လျာထားသည်။

-ယူကရိန်းသို့ အကြောင်းအမျိုးမျိုးပြ ရောက်ရှိနေသော အနောက်အုပ်စု ၏ တပ်ဖွဲ့ဝင်များသည် ရုရှား၏ တရားဝင် ပစ်မှတ်များ ဖြစ်သွားလိမ့်မည်ဟု ပူတင် က သတိပေးသည်။

-ဂါဇာ စီးတီးကို အစ္စရေး တို့ ရှင်းလင်းဖြိုဖျက်နေစဥ် ၎င်းအရပ်၌ ကားတစ်စီးဖြင့်သွားနေသော အစ္စရေးဒါးစာခံ ၂ ဦး၏ လှုပ်ရှားမှု့ပုံရိပ်အချို့ ဟားမတ်စ် ထုတ်ပြန်သည်။

-ဗင်နီဇွဲလားကမ်းခြေ ကို အမေရိကန်ရေတပ်က ဝိုင်းပါတ်ပိတ်ဆို့ထားသည်။

ပြည်တွင်းထူးခြားသတင်းများ

-မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပွင့်သွားပြီးနောက် လချီ ပိတ်ပိနေသော ကုန်ကားကြီးများ လွတ်မြောက်လာသည်။

-ချောက်မြို့ ခလရ ၁၃ အတွင်းသို့ လက်လုပ် ရှော့တိုက်ဒုံး ဖြင့်ပစ်ခတ်သော်လည်း ထိခိုက်မှု့ တစုံတရာမရှိပါ ။

-နွားထိုကြီးမြို့နယ် သူစိုး ရွာ PDF အထိုင်စခန်း တပ်က ဝင်ရောက်ရှင်းလင်းသည်။

-ဖားကန့် ဒေသ ဆန်းကြွယ် နမ့်မှော် တဝိုက် စစ်ကြောင်းထိုးရှင်းလင်းနေသည်။

-တောင်ငူအနီး ၅.၁ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *