



တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ လောကမာရဇိန်ရုပ်ပွား တော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက် တိုဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင်ဖူးမြော်ကြည်ညိုခဲ့သည်။
နိုင်ငံတော်သမ္မတ က လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံမည့်အခြေအနေများကိုကြည့်ရှုစစ်ဆေးကာ ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲတာဝန်ရှိသူများကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်သမ္မတက ရွှေတောင်စားစေတီတော်မြတ်ကြီးရှိ မဟာဝိဇယခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးအားထိုးခတ်ပူဇော်ပြီး စေတီတော်မြတ်ကြီးပရိဝုဏ်တော်အတွင်း ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြှော်ကြည်ညိုကာ သိမ်တော်ကြီးအား ရှေးမူလက်ရာမပျက်ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ရွှေတောင်စားစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး ထိန်း သိမ်းခြင်းလုပ်ငန်းများကို စနစ်တကျစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ စေတီတော်ကြီးရင်ပြင်တော်ရှိ အက်ကွဲပျက်စီးလျက်ရှိသည့်ကြွေပြားများအား ပြန်လည်ပြု ပြင်လဲလှယ်ရန်နှင့် ရင်ပြင်တော်အားအမြဲသန့်ရှင်းနေစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် သက်တော်(၁၀၄)နှစ် ဝါတော်(၈၄)ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးဖြစ်သော ထားဝယ်မြို ဇေယျဝတီစာသင်တိုက် ပဓာနနာယက ဂဏဝိမုတ်ကူးတိုဂိုဏ်းချုပ်ဆရာတော်အား ကျန်းမာရေးစောင့်ရှောက်ပေးထားမှုကိုကြည့်ရှုပြီး ဆရာတော်ကြီး၏ ကျန်းမာ ရေးအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်၍ လို အပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာ ကြားပြီး ဆရာတော်ကြီးအားဖူးမြော်ကြည်ညို၍ နဝက မ္မအလှူငွေများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး ဆေးရုံအတွင်းကြည့်ရှုစစ်ဆေး၍ ဆေးရုံအဆင့်မြှင့်တင်ရမည့်လုပ်ငန်းများကို မှာကြားခဲ့သည်။
