အိန္ဒိယနိုင်ငံတွင် မြန်မာငွေ သိန်း ၂,၅၀၀ကျော်ဖမ်းဆီး

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် ကျပ် ၁၀,၀၀၀ တန် နှင့် ကျပ် ၅,၀၀၀ တန် မြန်မာငွေစက္ကူကျပ်၂၅၅,၅၀၀,၀၀၀ ( နှစ်ထောင့်ငါးရာငါးဆယ့်ငါးသိန်းကျပ်) ဖမ်းဆီးရမိကြောင်း အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်က (ဩဂုတ်လ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့သည်။

မီဇိုရမ်ပြည်နယ် ၊ကျန်ဖိုင်းခရိုင် Mawlkawi ကျေးရွာတွင် ကြိုတင်သတင်းရရှိထား အိုက်ဇောလ်နှင့် လုံးလေမြို့ တို့မှ အိန္ဒိယ – မြန်မာနယ်စပ် ဇိုးခွားထာလ်ကျေးရွာဘက်သို့ ပြေးဆွဲနေသည့် မော်တော်ယာဥ်များကို အာသံရိုင်ဖယ်နှင့် အကောက်ခွန်ဌာနက ဩဂုတ်လ ၂၂ရက်နေ့တွင် စစ်ဆေးစဥ် မြန်မာကျပ်ငွေများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။