ဆေးရုံးတက်ရောက်ကုသနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပေါက်ကိုယ်တော်မှ စားသောက်ဖွယ်ရာများပေးအပ်

မန္တလေး၊ တပ်မတော်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသည့် ထိခိုက်ဒဏ်ရာရ တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ပေါက်ကိုယ်တော် ဦးဆောင်၍ ထောက်ပံ့ငွေနှင့် ဆေးဝါးများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တပ်မတော်ဆေးရုံအတွက် ဆေးပဒေသာပင် အဖြစ် အလှူငွေ ၁၀ သိန်း ထည့်ဝင်လှူဒါန်းခဲ့ပြီး ထိခိုက်ဒဏ်ရာရ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၇ဦးအား တစ်ဦးလျှင် ၁သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆေးဝါးကုသမှုခံယူနေသည့် တပ်မတော်သားများကိုလည်း အအေးနှင့် မုန့်၊ ဆေးဝါးများ လှူဒါန်းများပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံထောက်ပံ့ပေးပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို အားပေးဂုဏ်ပြုစကား ပြောကြားခဲ့သည်။