ရပ်စောက်မြို့နယ်၊ နောင်လုံကျေးရွာအုပ်စု၊ နမ့်ပလမ်ကျေးရွာ၏ မြောက်ဘက် ရပ်စောက်- အင်တော – ကျောက်ဂူ- နောင်ချို သွားကားလမ်းပေါ်ရှိ နမ့်ပလမ်ချောင်းတံတား၏ အောက်ခြေတွင် မိုင်းထောင်ထားရှိကြောင်း သတင်းရသဖြင့် နယ်မြေခံတပ်မှ သွား ရောက်ရှင်းလင်းခဲ့ရာ တံတားအောက်ခြေတွင် ဆာလာအိတ် (၂)အိတ်အား ဝါယာကြိုးများဆက်သွယ်၍ ပြုလုပ်ထားသည့်လက်လုပ်မိုင်း(၂)လုံးအားတွေ့ရှိရှင်းလင်းခဲ့ကြောင်း၊သိရသည်။
မိုင်းတစ်လုံးလျင် (၁၀)ပိဿာခန့် TNT ယမ်းနှင့် ဟတ်ဆိုဂျင်ယမ်းပေါင်းစပ် ၍ စနစ်တံ(၆)ခု တပ်ဆင်ထားရှိကာ အသင့် ဖောက်ခွဲနိုင်ရန် ပြု လုပ်ထားကြောင်း၊ တပ်မတော်မှမိုင်း(၂)လုံးအား သက်မဲ့ပြုလုပ် ရှင်းလင်းပြီးစီးခဲ့ကြောင်းနှင့် အများပြည်သူသွားလာနေသည့်လမ်းအား လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် အကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ဆောင်ထားခြင်းဖြစ် ကြောင်းသိရသည်။
ရွှေနေကြာ