အကြမ်းဖက်အုပ်စုအဖြစ်ကြေညာ ထားသည့် CRPH၊ NUG နှင့် ယင်းတို့ ၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရား များပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ် ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများ အား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ အောက် တိုဘာလ ၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန် ရည်ရွယ် ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Htun Naing” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ်၊ ပွတ်တိုင်ကျေးရွာနေ ထွန်းနိုင်လင်း(ခ)ပွတ်တိုင်နှင့် “MIN 315561” TikTok အကောင့်ပိုင်ရှင် ဖြစ်သူ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်း ကျေးရွာနေ မင်းသိန်းတို့နှစ်ဦးအား ည ၈ နာရီ ၅၀ မိနစ်တွင် ချောင်းခွ နယ်မြေရဲစခန်း၌ တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
