ပြည်ဖျက်မီဒီယာနဲ့ Attention Seeker

DVB တို့ Mizzima တို့လို ပြည်ဖျက်မီဒီယာတွေက သူတို့ကို လောင်စေချင်လို့ ဒီလို ရေးတင်ပေးတာ။ ဟိုက ကယ်ဆယ်ရေးသမားမှ မဟုတ်တာ၊ သူ့ဘာသူ ၃ ရက်လောက်ပဲ နေမလို့ လုပ်ထားပြီးသား။ သူက simply blood founder ပါ။ DVBက တင်ထားတဲ့ caption ကြောင့်ပါ။ ဒီ india က kiran verma ဟာ နိုင်ငံတော်အဆင့် စေလွှတ်ခံရတဲ့ ကယ်ဆယ်ရေးသမား မဟုတ်ပါဘူး။

သူက Simply Blood ရဲ့ founder တည်ထောင်သူပါ။ သူက မြန်မာနိုင်ငံမှာ သူ့အသိက viedo ပို့ပေးလို့သာ သူ့ဘာသူ ရောက်လာတဲ့ သူပါ။ သူ့မှာ ဘာကယ်ဆယ်ရေး ဝတ်စုံမှမရှိသလို သူလဲဝတ်မထားပါဘူး။ သာမန်ပြည်သူလိုပဲ သူနေခဲ့တာပါ။

သေနတ်ပြောင်းဝလို့ သူရေးခဲ့တာက .. ကိုယ်တွေမြန်မာလူမျိုးအကြောင်း သူမသိလို့ပါ။ သေနတ်မှကိုင်ပီး လုံခြုံရေးမပေးထားရင် ပျက်စီးနေတဲ့ အပုံထဲမှာ တန်ဖိုးကြီးရွှေငွေတွေကို ဝင်လုဖို့လုပ်နေတဲ့အချောင်ခိုသူတွေ၊ ကယ်ပေးမလိုဟန်ဆောင်ပီး ဘာ ကယ်ဆယ်ရေးဝတ်စုံမှ မပါဘဲနဲ့ တိုက်ပျက်အောက်တွေဝင်သွားတဲ့ လောသသားကိုက အဲ့သေနတ်နဲ့ ပြောင်းဝချိန်ပီး ထိန်း ပေးနေရတာ။

ကယ်ချင်တိုင်း ဝင်ကယ်လို့မရပါဘူး။ ဒါကြောင့် တားတဲ့အခါလည်း မကယ်စေချင်လို့ သေနတ်နဲ့ ဖိအားပေးပါတယ်ပေါ့(သူတို့အပြော)။ နိုင်ငံတော်အဆင့်လာခဲ့ကြတဲ့ ဗီယက်နမ် ယ်ဆယ်ရေးသမားတွေ ၊ india တွေ ၊ တရုတ်တွေ၊ ရုရှားတွေစတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ဝတ်စုံနဲ့သူ ကယ်ဆယ်ရေးဝတ်စုံ အပြည့်နဲ့ပါ။

ပြိုကျနေတဲ့ အဆောက်အဦအောက်တွေ ဝင်ဖို့က ခွင့်ပြုချက်တွေ ယူရပါတယ်။ ဘာလို့ဆို မလိုအပ်တဲ့ ပြသနာတွေ ထပ်ဖြစ်တာမျိုး ကြုံလာမှာ စိုးရိမ်လို့ပါ။ အပျက်အစီးတွေ တအားများတော့ ကူချင်တိုင်း ကယ်ချင်တိုင်းလဲ မရပါဘူး။ အာ့တွေကို နားလည်ပေးဖို့ကလဲ လိုပါသေးတယ်။ ကယ်လိုက်နိုင်တာတွေ ကူပေးလို့ လွှတ်မြောက်သူတွေ အများကြီးရှိသလို ၊ လွှတ်မြောက်သူတွေက ကျေးဇူးတွေ အများကြီးတင်ပြီးတော့၊ ဘယ်လိုမှ ကယ်လို့မရ ခက်ခဲနေတဲ့ နေရာမျိုးတွေမှာ ပိတ်မိပြိုကျခံနေရတဲ့ လူတွေရဲ့ အမျိုးတွေကတော့ဟာ ကယ်ဆယ်ရေးတွေ ညံ့လိုက်တာ ကူမဲ့သူမရှိတော့ဘူးလား ဆိုပီး အပြစ်တွေ တင်ကြတာ ရှိတာပေါ့လေ(သူ့ဇောနဲ့ သူကိုး)။ ဒါကတော့ ထုံးစံပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဘူးလေ။ ဖြစ်ချင်တိုင်းဖြစ်ခွင့်ရမယ်ဆို ငလျင်မဖြစ်ဖို့ ဆုတောင်းမှာပေါ့ဗျာ။ အပျက်အစီးတွေ အရမ်းများတော့ ကယ်ဆယ်ရေးတွေ အနေနဲ့ ခက်ခဲကြပါတယ် ။ လူအင်အားရော စက်အင်အားတွေရောပေါ့။

လှူပေးတဲ့ အမရပူရမှာတောင် ကြည့်ပါ။ လာလှူပေးတာကိုပဲ အချင်းချင်း နင်ပိုရ ငါပိုရနဲ့ ဝင်လုသူ ဝင်လုရန်တွေ ဖြစ်ကြတာ ဒုတ်တွေပါ ပါတယ်။ ဒါမျိုးကျလဲ သေနတ်က ကိုင်ရပြန်ရော။

ထို simply blood founder က သနပ်ကိုင်နေရတာပဲ မြင်ခဲ့မှာပါ။
Crd.

Leave a Reply

Your email address will not be published. Required fields are marked *