လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၆ ရက်နေ့ နံနက် ၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ထွန်းကျော်၏ တောင်ယာတဲကို သတင်းအရရှာဖွေရာ ထွန်းကျော်၊ ဌေးဝင်း၊ ဇော်မြင့်နိုင်၊ သန်းထွန်းလေး၊ ကိုဖြိုး၊ ဇော်မင်းလှိုင်၊ မြင့်အေး၊ အောင်ကျော်ဆန်း၊ ထက်လင်းစိုးနှင့် စိုးလင်းအောင်တို့ ၁၀ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ပန်းတောင်းမြို့နယ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ ဆက်လက်သယ်ဆောင်မည် ဖြစ်ကြောင်းသိရှိရသဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မြတ်သူဝင်း(ခ)နောင်နောင်နှင့် သိန်းစိုးတို့ အပါအဝင် ၁၂ ဦးအား ဥပဒေအရအရေးယူထားရှိထားကြောင်းသိရပါတယ်။ #Crd