ကျင့်ဝတ်သိက္ခာမဲ့တဲ့ သံအမတ်ကြီး သိစေရန်

အစိုးရထုတ် နေ့စဉ်သတင်းစာမှာပါတဲ့ အမည်မဖော်လိုသူ ပြည်သူတစ်ဦး ရေးသားထားတဲ့ “NUG ၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသော နိုင်ငံများသို့ အိတ်ဖွင့်ပေးစာ” အင်္ဂလိပ်လိုဆောင်းပါဟာ ရန်ကုန်မြို့အခြေစိုက် သံတမန်အသိုင်းအဝန်းမှာ တော်တော်ပျံ့နှံ့နေပါတယ်…

အဲ့ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ PDF အချင်းချင်း ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုဖိုင်ထဲက မြင်ကွင်းကိုကြည့်ပြီး ဘယ်လိုသဘောထားပါသလဲ? NUG ကို ထိတွေ့နေတဲ့ အနောက်အုပ်စုက အမေရိကန်မဟုတ်တဲ့ နိုင်ငံကြီးတစ်နိုင်ငံ သံအမတ်တစ်ဦးကို မေးကြည့်ခဲ့ပါတယ်….

အဲ့ဒီပုဂ္ဂိုလ်က ဒီဖြစ်စဉ်နဲ့ ဆောင်းပါဟာ စစ်တပ်ရဲ့ ဝါဒဖြန့် (junta propaganda) သာဖြစ်လို့ ဒါမျိုးတွေ သူ့ဆီကိုမပို့ဖို့ ဖင်ပိတ်ငြင်းဆိုခဲ့ပါတယ်….

PDF အချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်နေမှုဟာ စစ်တပ်က ဝါဒဖြန့်တာမဟုတ်ဘဲ အမှန်တကယ် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်သာဖြစ်ပါတယ်….

သံတမန် တစ်ယောက်အနေနဲ့ အကြမ်းဖက်လုပ်ရပ်မှန်းသိပေမယ့် မျက်စိပိတ်၊ နားပိတ်ပြီး မသိချင်ယောင် ဆောင်လို့ မရပါဘူး.. မိမိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့လိုသလို ပြည်သူတွေအပေါ်ကိုလည်း စာနာနားလည်မှုရှိရပါမယ်…

အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ဟာ စစ်တပ်အုပ်ချုပ်မှုနဲ့ မဆိုင်ဘဲ ပြည်သူတွေရဲ့ ခံစားချက်ကို သိမြင်နားလည်ဖို့လိုပါတယ်…

သံတမန်တစ်ဦးအနေနဲ့ သူတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံအတွင်းမှာရှိတဲ့ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးနေခြင်းဟာ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တာဖြစ်သလို ဂုဏ်သိက္ခာမဲ့တဲ့ ရိုင်းစိုင်း တဲ့လုပ်ရပ်ဖြစ်ပါတယ်….

နိုင်ငံအကြီးအငယ်နဲ့ မဆိုင်ဘဲ သံတမန်ဆိုတာ ကျင့်ဝတ်အရ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်အောင် ဆက်ဆံရသလို သက်ဆိုင်ရာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့လိုပါတယ်…

အုပ်ချုပ်သူအစိုးရကို မကြိုက်တာနဲ့ အကြမ်းဖက်သမားတွေ ဘာလုပ်လုပ် အားပေး ထောက်ခံနေရင်တော့ မြန်မာသာမက ကမ္ဘာမှာ အကြမ်းဖက်သမားတွေ အင်အားကြီးထွားလာမှာကို အဲ့ဒီသံအမတ်ကြီး သိနားလည် စေချင်ပါတယ်….

#ခင်ညိုချော