အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက ပျော်ဘွယ်မြို့နယ်၊ စံပါယ်ကုန်းကျေးရွာအုပ်စု၊ ပဲ့ကန်ကျေးရွာ ပျော်ဘွယ်-နတ်မောက်သွားကားလမ်းဘေး ကွင်းအမှတ်(၇၆၉)အတွင်းရှိ ယာကွက်ထဲမှာ ရပ်မိရပ်ဖတွေနဲ့ ရွာသူ/ရွာသားတွေ စုဝေးပြီး ပျော်ဘွယ်-နတ်မောက်သွားလမ်းမှ ပဲ့ကန်(တောင်)ရွာသွားတဲ့လမ်းကို ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်း အောင်ပွဲအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပခဲ့ကြပါတယ်…
ထိုသို့ကျင်းပနေကြစဉ် PDF အကြမ်းဖက်သမားတွေဟာ ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး ရပ်မိရပ်ဖတွေနဲ့ ရွာသူ/ရွာသား တွေကို သေနတ်နဲ့ ဝိုင်းပစ်ခတ်ခဲ့တာကြောင့် အပြစ်အမဲ့ အရပ်သားပြည်သူ အမျိုးသား ၈ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်…
ပြည်သူကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်နေတဲ့ PDF တွေကို အမြစ်ပြတ်ချေမှုန်းကြရမယ်။ ဒေသခံများအနေဖြင့်လည်း PDF ၏ လှုပ်ရှားသတင်းများကို လခရအဖွဲ့ထံ လျှို့ဝှက်ပေးပို့ခြင်းဖြင့် ကိုယ့်ရပ်/ ကိုယ့်ရွာကို ကာကွယ်ကြဖို့ တိုက်တွန်းလိုပါတယ်။

