ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြိုနယ်၊ ဒုံဇရစ်(အနောက်) ကျေးရွာတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ နေအိမ်အတွင်းရှိနေစဉ် KNU/PDF များမှဝင်ရောက်ပစ်ခတ်ရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် နံနက် ၂ နာရီအချိန်တွင် KNU/PDF များမှ ဒုံဇရဟ်(အနောက်) ကျေးရွာသို့ ရောက်ရှိလာပြီး ဦးသိန်းမင်းလတ်နှင့် မချောစုအောင်၏ နေအိမ်အသီးသီးသို့ ထိုအဖွဲ့မှ သွားရောက်၍ သေနတ်ဖြင့်ပစ်ခတ်ရာ ထိုအမျိုးသမီးမှာ ကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါသေနတ်ပစ်ခတ်ခံရမှုကြောင့် အသက် (၃၄) နှစ်အရွယ် ဦးသိန်းမင်းလတ်မှာ ကျည်ထိဒဏ်ရာရှိခဲ့ပြီး၊ အသက် (၂၀) အရွယ် မချောစုမှာ ကျည်ထိဒဏ်ရာရရှိ၍ သေဆုံးသွားကြောင်း သိရသည်။
CRD//

