မေ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥
ကချင်ပြည်နယ်
မိုးမောက်မြို့ နယ်မြေခံတပ်ရင်းကို KIA နှင့် KPDF ပူးပေါင်းအင်အား ၄၀၀ ခန့်က ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိရာ ၄ ရက်ကျော်ကြာလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခုခံတိုက်ခိုက်မှုကြောင့် နယ်မြေခံတပ်အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိဘဲ လေကြောင်းပစ်ကူကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများပြားလျက်ရှိကြောင်းသိရ။
ကယားပြည်နယ်
လွိုင်ကော်မြို့ ၊ တိုက်(၆) လုံး ဝန်ထမ်းအိမ်ရာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၁၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
အမ်(၄) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃၀ တောင့် သိမ်းဆည်းရမိခဲ့။
လွိုင်လင်လေးအနီး ထီးစဲခါးတံတား၌ အခြေပြုနေသော KNDF/PNLO အကြမ်းဖက်အင်အား ၄၀ ခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချီတက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ရန်သူမှ Drone များ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့။
လုံခြုံရေးတပ်ဖွဲ့များက ထီးစဲခါးတံတားနှင့် ရန်သူများ အခြေပြုနေထိုင်သွားသည့် ရဲကင်းစခန်းနေရာဟောင်းအား သိမ်းဆည်းရမိခဲ့ပြီး ဝန်းကျင်အား ရှင်းလင်းခဲ့ရာ-
KNDF ဝတ်စုံဝတ် ကျား ၁ လောင်း၊ ကျည်ကာဦးထုပ် ၁ လုံး၊ ကျည်အိမ် ၂ ခု သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ စစ်သည် ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရ။
ကရင်ပြည်နယ်
ဖာပွန်မြို့နယ်အတွင်းရှိ KNLA တပ်မဟာ (၅)၊ ရင်း(၁၀၂) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၈၀ ဦးခန့်အခြေပြုနေသောစခန်းအား လေကြောင်းပစ်ကူယူ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့။
KNLA ကျား ၇ လောင်း၊ လက်နက် ၁ လက် သိမ်းဆည်းရမိခဲ့။
(မှတ်တမ်းဓာတ်ပုံများ ထပ်မံဖော်ပြပေးပါမည်။)
တနင်္သာရီတိုင်း
ပုလောမြို့နယ် ထမင်းမစားကျေးရွာဝန်းကျင်တစ်ဝိုက် အကြမ်းဖက်များ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် ၎င်းရွာအနီးသို့အရောက် အင်အား ၇ ဦးခန့်အား မိမိဘက်မှ စတင်တွေ့ရှိသဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။
လက်လုပ်သေနတ် ၁ လက်၊ ကျည် ၆ တောင့် သိမ်းဆည်းရမိခဲ့။
သိန္ဓောစခန်းအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်အင်အား ၂၅ ဦးခန့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။
လက်လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂၉၃ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်မိုင်း ၃ လုံး၊ အိုင်ကွန် ၁ လုံး၊ ပြောက်ကျားအင်္ကျီ ၂ ထည် ၊ ပြောက်ကျားဦးထုပ် ၂ လုံး သိမ်းဆည်းရမိခဲ့။
ချင်းပြည်နယ်
မင်းတပ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဘောင်တဲကျေးရွာအရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၇ ဦးခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။
အကြမ်းဖက် ၁ လောင်း။
ဖောင်းပြင်မြို့နယ် ပုဂံတောင်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းသို့ နေရာ ၃ နေရာမှ အကြမ်းဖက် ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။
အကြမ်းဖက် ၃ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၂ ခုသိမ်းဆည်းရမိခဲ့။
ပြည်သူ့စစ် ၂ ဦးကျ။
ပဲခူးတိုင်း
လက်ပံတန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆာင်ရွက်စဉ် ရေငံကျေးရွာအရှေ့ဘက်သို့အရောက် မသင်္ကာဖွယ်ရာ လူ ၈ ဦးခန့်အား တွေ့ရှိသဖြင့် မိမိဘက်မှ Drone ဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့အခြေပြုခဲ့သည့် နေရာအား ရှင်းလင်းစဉ်-
လက်လုပ်မိုင်း ၃ လုံး၊ ဝါယာကြိုး ၃ ခွေ၊ ဘက်ထရီ ၂ လုံး၊ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိခဲ့။
ထို့နောက် နယ်မြေဆက်လက်ရှင်းလင်းစဉ် ထန်းတောကျေးရွာသို့အရောက် တိုက်ပွဲဆက်လက်ဖြစ်ပွားရာ
ဗုံးသီးအစထိမှန်သေဆုံးနေသည့် ရန်သူ ကျား ၂ လောင်းအား လက်လုပ်မိုင်း ၃ လုံး၊ ဝါယာကြိုး ၃ ခွေ၊ ဘက်ထရီ ၁ လုံး၊ ပြောက်ကျားယူနီဖောင်း ၁ စုံတို့နှင့် အတူ သိမ်းဆည်းရရှိခဲ့။