ဘောလုံးကြယ်ပွင့်တွေနဲ့အပြိုင် နာမည်ကြီးခဲ့တဲ့ ဂန္ဓဝင်ကွင်းလယ်ဒိုင် ကော်လီနာ
ဗီအေအာ မပေါ်ခင်ကတည်းက သူ့ရဲ့မျက်လုံးတွေထဲမှာ ဗီအေအာရှိနှင့်ပြီးသားဖြစ်တဲ့ တစ်ဦးတည်းသော ကွင်းလယ်ဒိုင်
ကွင်းထဲမှာ ( ပြင်သစ်၊စပိန်၊အီတလီ၊အင်္ဂလိပ် ) ဘာသာစကား ၄ မျိုးနဲ့ ပြောဆိုဆက်သွယ်နိုင်တဲ့သူ
တစ်ပွဲချင်းစီကို မစခင်မှာ ပွဲနဲ့ပတ်သတ်တာတွေကို လေ့လာတယ်။သူဦးဆောင်ရမယ့် အသင်းတွေရဲ့ ကစားသမားတွေကို လေ့လာတယ်။ကစားသမားတွေရဲ့ အမည်တွေကို လေ့လာတယ်။
၂၀၀၂ ခုနှစ် ဂျပန်မှာကျင်းပတဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဒိုကြီးက ကော်လီနာကို သူ့အိင်္ကျီနဲ့ဘောလုံးပေးခဲ့တယ်။
ဘရာဇီးနဲ့ ဂျာမနီအသင်းသားတွေဟာ သူ့ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုခဲ့ကြတယ်။
သူဟာ အဝါကတ်တွေ၊အနီကတ်တွေပြရာမှာ အညှာအတာကင်းမဲ့တယ်။ဩဇာကြီးမားပြီး လေးစားခြင်းခံရတယ်။
သူပါတဲ့ပွဲဆို ဘောလုံးသမားတွေက အကြီးအကျယ် လေးစားယုံမျှမက ကြောက်ပါကြောက်ကြတယ်။
ဘောလုံးဗီဒီယိုဂိမ်း အဖုံးမှာသူ့ပုံပါဖူးတဲ့ တစ်ဦးတည်းသော ကွင်းလယ်ဒိုင်လည်းဖြစ်တယ်။
တကယ့် ဂန္ဓဝင်ပါပဲ
Photo Crd