လီဗာပူးလ်အသင်းဟာ မနေ့ညက လိဂ်ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ၁-၀ ဂိုးနဲ့အနိုင်ယူပြီး ဒီရာသီ သူတို့အတွက် ပထမဆုံးချန်ပီယံဆုဖလား စတင်ဆွတ်ခူးခဲ့ပါတယ်။
သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျခဲ့တာကြောင့် အချိန်ပိုမိနစ် ၃၀ ဆက်ကစားခဲ့ရပြီး ၁၁၈ မိနစ်မှာ ဗန်ဒိုက်က တစ်လုံးတည်းသောအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လိဂ်ဖလားချန်ပီယံဆုကို ၁၀ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကြိမ်အများဆုံးဗိုလ်စွဲနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် ရပ်တည်နေသလို အဲဒီ ၁၀ ကြိမ်ထဲမှာ နည်းပြ ယာဂန်ကလော့ပ်လက်ထက်အတွင်း ၂ ကြိမ်ရရှိခဲ့ကြောင်း သိရပါတယ်။


