အိန္ဒိယနိုင်ငံ မာဒယာပရာဒေ့ရှ် ပြည်နယ် ဟာဒါခရိုင် ဘိုင်ရာဂတ်ကျေးရွာရှိ တရားမဝင် မီးရှူးမီးပန်းစက်ရုံတစ်ခုမှာ ပြင်းအား အချင်းဝက် ၁၅ ကီလိုမီတာဝန်းကျင်ခန့်ထိရှိတဲ့ အကြီးစားပေါက်ကွဲမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးကာ ဒါဇင်များစွာဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ယင်းစက်ရုံဟာ အလုပ်သမား ၂၀၀ ကနေ ၃၀၀ ဝန်းကျင် အလုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန်က စက်ရုံအတွင်းမှာ လူဘယ်လောက်များများ ရှိနေခဲ့သလဲဆိုတာကိုတော့ မသိရသေးကြောင်းနဲ့ ပေါက်ကွဲမှု အရှိန်ကြောင့် စက်ရုံဝန်းကျင်က အဆောက်အအုံ ၁၀ လုံးလောက် ပျက်စီးသွားခဲ့တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ခရိုင်အကြီးတန်းအရာရှိ ကိုင်လက်ရှ် ချန်ဒီပါတေးက ပြောဆိုခဲ့ပါတယ်။ #Crd
Related Posts
ဝန်တင်လားတွေအစား လော်ဂျစ်စတစ် ဒရုန်းတွေအသုံးပြုလာတဲ့ အိန္ဒိယ
- admin
- January 26, 2024
အိန္ဒိယကြည်းတပ်ဟာ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာအသုံးပြုနေတဲ့ ဝန်တင်လားတွေကို အစားထိုးဖို့အတွက် လော်ဂျစ်စတစ်ဒရုန်းတွေကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အိန္ဒိယကြည်းတပ်ဟာ ကားလမ်းကောင်းကောင်းမရှိတဲ့ နယ်စပ်ဒေသက တပ်စခန်းတွေအတွက် အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ရာမှာ […]
အာဖဂန်နစ္စတန်မြောက်ပိုင်း၌ အဆိပ်ခတ်ခံရမှုကြောင့် ကျောင်းသူ ၈၀ နီးပါး ဆေးရုံရောက်
- ပုည
- June 5, 2023
အာဖဂန်နစ္စတန်မြောက်ပိုင်း၊ ဆာ-အီ-ပေါ ပြည်နယ်ရှိ စာသင်ကျောင်းနှစ်ခုတို့၌ ပြီးခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့တို့က အဆိပ်ခတ်ခံရမှုကြောင့် ကျောင်းသူ ၈၀ နီးပါး အဆိပ်သင့်ကာ ဆေးရုံတင်ထားရကြောင်း PA သတင်းက […]
အိန္ဒိယမှာ တံတားဆောက်လုပ်ရေးမှ ကရိန်းပြိုကျမှုဖြစ်ပွား
- ရှင်ယွန်း
- August 2, 2023
အိန္ဒိယအနောက်ပိုင်း မဟာရာရှတရာပြည်နယ်မှာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ကရိန်းပြိုကျမှုကြောင့် အလုပ်အသား ၁၆ ဦးထက် မနည်းသေဆုံးခဲ့ပြီး အခြားလူတွေ အများအပြားပိတ်မိနေမှာကို စိုးရိမ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။