ဇန်နဝါရီလ ၂၃ ရက် ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ငအိုးမြို့တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ကျေးရွာတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် KIA/PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာ KIA ထုတ် type-81 သေနတ် ၂ လက်၊ type-81 ကျည်အိမ် ၆ ခု၊ ၇.၆၂ ကျည် ၁၁၅ တောင့်၊ PDF တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၁ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ အီကွေးမင့် ၃ စုံနှင့် မှတ်ပုံတင် ၁ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရပြီး မိမိဘက်တွင် အထိအခိုက်မရှိကြောင်းသိရပါတယ်။

