ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အနီးရှိ ဝါဆာဒီရွာသစ်တွင် ဒီဇင်ဘာ ၁၇ ရက်နေ့က တပ်မတော်မှ Mi-35 ရဟတ်ယာဉ်တစ်စီးပျက် ကျသွားကြောင်း ဒေသခံများထံက သိရသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times မှ မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူ တစ်ဦး၏ ဖြေကြားချက်အရ Mi-35 ရဟတ်ယာဉ်ပျက်ကျသည် ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဘဲ သတင်းတု ၊ သတင်းမှားသာဖြစ်ကြောင်းနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ သည် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးများတွင် မြေပြင်တပ်မတော်စစ်ကြောင်းများနှင့် အတူ ဟန်ချက်ညီညီဖြင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူလူထုမှ တပ်မတော်အပေါ် ယုံကြည် အားကိုးလိုစိတ်များ ယိုင်နဲ့လာစေရန် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် သတင်းတု၊ သတင်းမှား များကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။