အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ပိုင်းနယ်စပ်တွင် စစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ရန် တပ်ဖွဲဝင်များ ပြင်ဆင်ထားရန်အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သို အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။ ထရမ့်သည် သမ္မတဖြစ်ပြီးသည်နှင့် တောင်ပိုင်းနယ်စပ်တစ်လျှောက်အား အရေးပေါ်အခြေအနေကို ချက်ချင်းကြေညာကာ ယခုလိုအမိန့်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အမေရိကန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအား ထိန်းသိမ်းရန်နှင့် စပ်လျဉ်းသည့် အစီအစဉ်ဆွဲရန် လိုအပ်ချက်များ အကဲဖြတ်ချက်များပေးပိုရန် ကာကွယ်ရေးဝန်ကြီးဌာနသို ညွှန်ကြားထားကြောင်းကိုလည်း သိရပါတယ်။ ပင်တဂွန်က သမ္မတထရမ့်၏ အမိန့်နှင့်စပ်လျဉ်းပြီး “ကျွန်တော်တိုရဲ့ စစ်ဦးစီးချုပ်ဆီက…