ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၇ ရက်နေ့ ဟားမက်စ်တို့ ရဲ့ တိုက်ခိုက်ချိန်ကစလို့ အခုချိန်ထိ ဂါဇာပြည်သူပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ သိရပါတယ်။ သေဆုံးသူ ၇၀% ဟာ ကလေးငယ်တွေလို့ လည်း သိရပြီး လူပေါင်း ၂၄၀၀၀ အထိ ဒဏ်ရာရရှိခဲ့ကာ ဆေးဝါးကုသမှုခံယူနေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်ရသူတွေ အများအပြားလည်း ရှိနေပါသေးတယ်။ ဒီသေဆုံးမှုအရေအတွက်ဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ သေဆုံးခဲ့သူတွေထက် ပိုမိုများပြားတယ်လိုလည်း ဆိုပါတယ်။
ဂါဇာမှာ သေဆုံသူပေါင်း ၁ သောင်းကျော်ပြီ ပါလက်စတိုင်း
