ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၂ လ ရာသီပွဲတော်များအနက်မှ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)အား ၉-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ အဖိတ်နေ့ ဖြစ်သော ၈ ရက်နေ့ တွင် ရောင်စုံမီးပုံးများ၊ လျှပ်စစ်မီးများထွန်းညှိပူဇော်ထားသော မီးစေတီများဖြင့် လက်ယာရစ်တစ်ပတ် လှည့်လည်၍ အောင်မြေ၌ စုပေါင်းဆီမီးပူဇော်မည့်အစီအစဉ်အပါအဝင် ဩဝါဒဆရာတော်ကြီးများထံမှ သီလခံယူပွဲ အခမ်းအနားနှင့် ဝါတွင်းတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊သံဃာ့ပူဇာဟု ဆိုအပ်သောကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်ချ အခမ်းအနားကို စေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်….
Related Posts
အခြေခံစစ်ရေးပြနဲ့သူတို့တွေ
- အေးခင်
- May 29, 2024
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၂) ကိုတက်ရောက်လာကြတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းသား မျိုးချစ်လူငယ်များဟာ ခုဆိုရင် အခြေခံစစ်ရေးပြသင်ခန်းစာများကို လက်တွေ့လေ့ကျင့်သင်ကြားနေကြပြီပဲဖြစ်ပါတယ်။ တပ်မတော်မှာတော့ စည်းကမ်းအစ စစ်ရေးပြလို့တောင်ပြောရမလိုဖြစ်နေပြီ။ ပြည်သူ့သားကောင်းများရဲ့ စစ်ရေးပြလေ့ကျင့်နေကြတဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြန်မာ – အိန္ဒိယ – ထိုင်း သုံးနိုင်ငံ အမြန်လမ်းအကောင်အထည်ဖော်ရေး ဆွေးနွေး
- admin
- July 13, 2024
နယူးဒေလီမြို့သို့ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ-ထိုင်း […]
ခေတ်လူငယ်စကားဝိုင်း
- admin
- January 10, 2023
နားထောင်ကြည့်ရင် အရမ်းနားထောင်ကောင်းတဲ့ အချက်လေးတွေပါ လက်တွေ့ ဖြစ်ပျက်နေတာတွေကို တစ်ခုချင်းစီကို သေသေချာချာ ဆွေးနွေးသွားခဲ့ကြတာ… ဒီလိုအစီအစဉ်လေးတွေ ရှိနေတာ တကယ့်ကို ကောင်းပါတယ်..