NUG ၊ CRPH အကြမ်းဖက်အဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးစေရန်နှင့် မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ရန်အတွက် သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်ကြသည့် ပြည်သူ အချို့အား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည့်အပြင် အေးချမ်းစွာ တရားဘာဝနာပွားများ အားထုတ်လျက်ရှိသော…