လူကူးမျဉ်းကြား၊ ဂုံးကျော်တံတားနှင့် မြေအောက်လမ်းမှ မကူးသူများကို မေ ၁၄ ရက်မှစ၍ ဒဏ်ငွေ သုံးသောင်း ချမှတ်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ညွှန်ကြားချက်ဖြင့် လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ဂုံးကျော်တံတားများမှ စနစ်တကျအသုံးပြုရေးကမ်ပိန်းကို မေ ၈ ရက်မှစ၍ ခုနစ်ရက် ပြုလုပ်နေကြောင်း သိရသည်။…