ဘေဂျင်းမှာကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အာဂျင်တီးနားက သြစတြေးလျကို ၂ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနားအတွက် မက်ဆီက ပွဲအစ ၂ မိနစ်မှာ သွင်းယူကာ ပတ်ဇယ်လာက ၆၈ မိနစ်မှာ ဒုတိယဂိုးသွင်းယူခဲ့ကြောင်းသိရပါတယ်။
အသက်(၃၅)နှစ်အရွယ်မက်ဆီဟာ ပွဲချိန် ၁ မိနစ်နဲ့ ၁၉ စက္ကန့်မှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝရဲ့ အမြန်ဆုံးဂိုးကို သွင်းယူနိုင်ခဲ့ကြောင်းလည်းသိရပါတယ်။
အာဂျင်တီးနားဟာ ဇွန် ၁၉ ရက်မှာ အင်ဒိုနီးရှားနဲ့ ခြေစမ်းဖို့ရှိနေပါတယ်။