စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာတွင် အေးချမ်းစွာသီတင်းသုံး နေထိုင်လျက်ရှိသော ကိုရင် ၄ပါးနှင့် ကပ္ပိယ ၂ ဦး ကို PDF အကြမ်းဖက်သမားများက ဇွန်လ ၁ ရက်နေ့ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
ဇာဒီကျေးရွာရှိ ဂန္ဓာရုံဘုန်းကြီးကျောင်း ပဓာနနာယကဆရာတော်သည် အလုပ်ကိစ္စဖြင့် ခရီးသွားနေစဉ် PDF အကြမ်းဖက်သမားများက လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ကျောင်းတိုက်သို့ ရောက်ရှိလာပြီး ကျောင်းရှိ ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၃ ပါးနှင့်အတူ ကပ္ပိယ ၂ ဦးတိုအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
