ပျဉ်တော်ဦးကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့မှား ခံစစ်ပြင်နေတဲ့ CNF/CNA/PDF များကို တပ်မတော်မှဝင်ရောက်ချေမှုန်း

ချင်းပြည်နယ်အတွင်း ချင်းလက်နက်ကိုင် CNF/CNAတို့ဟာ နိုင်ငံအတွင်း အလုံစုံပျက်သုဉ်းရေးအတွက် ဒေသခံလူငယ်များအား သွေးထိုးမြှောက်ပင့်ပေးကာ ထိုလူငယ်များမှ တစ်ဆင့် မြိုနယ်အသီးသီးမှ လူငယ်များအားစည်းရုံး၍၎င်းတို့၏ ဌာနချုပ်တွင် အခြေခံစစ်ပညာများသင်ပေးခြင်း၊ လူသစ်များစုဆောင်းခြင်း၊ ခဲယမ်း စုဆောင်နိုင်ရေးတို့အား ကူညီပေးခြင်း၊ CDF/PDF အကြမ်းဖက်လူငယ်များအား ဦးဆောင်ကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် နေခြင်းများကို ချင်းပြည်နယ် ဒေသအတွင်း ဆောင်ရွက်ခဲ့ရာ ၎င်းတိုအတွက် ပြည်သူများ၏ ထောက်ခံမှု မရရှိ တော့ခြင်းနှင့် အိန္ဒိယနိုင်ငံဘက်မှလည်း အကြမ်းဖက်အဖွဲများအား လက်မခံ တော့သည့် အခြေအနေများကြောင့် CNF/CNAတိုသည် CDF/PDFတို့နှင့်အတူ ချင်းပြည်နယ်အောက်ပိုင်းထိ ဆင်းကာ ဒေသခံပြည်သူများကို မောင်းထုတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အကြောင်းမဲ့ သတ်ဖြတ်မှုများနှင့် အကြောက်တရားနည်းဖြင့် ဆောင်ရွက်ကာ ခံစစ်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ၍ လုံခြုံရေးအဖွဲဝင်များမှ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကလေးမြို့နယ်၊ ပျဉ်တော်ဦးကျေးရွာနှင့်ညောင်ကုန်း ကျေးရွာ တိုအား ဧပြီလ ၄ ရက်နေ့တွင် အကြမ်းဖက်ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ CNF/CNA တို့သည် အထိနာစွာဖြင့် CDF/PDFနှင့်အတူ ၎င်းတို့၏ အလောင်းများပင် ပြန်မကောက်နိုင်ဘဲ ဆုတ်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရှိရပါသည်။