ဗုဒ္ဓဝင်တော်အရ လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က သိဒ္ဓတ္တမင်းသားသည် သစ္စာလေးပါးကို သိမြင်တော်မူပြီးသည့်နောက် ဘုရားအဖြစ်သို ရောက်ရှိခဲ့လေသည်။
ထိုသစ္စာလေးပါးမြတ်တရားဟူသည်မှာ
၁) ဒုက္ခအရိယ သစ္စာ (ဆင်းရဲခြင်းဟူသောအမှန်တရား)
၂) ဒုက္ခသမုဒယအရိယ သစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တရား)
၃) ဒုက္ခနိရောဓအရိယ သစ္စာ (ဒုက္ခ၏ချုပ်ရာ အမှန်တရား)
၄) ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယ သစ္စာ (ဆင်းရဲချုပ်ရာသို ရောက်ကြောင်းအကျင့်ဟူသော အမှန်တရား) ဟူ၍ဖြစ်ပေသည်။
မွန်တိုဌာနေ အသိဉ္စနမြိုမှလာသော တဖုဿ နှင့် ဘလ်္လိက ခေါ် ကုန်သည်ညီနောင် နှစ်ဦးတိုသည် ရေလမ်းခရီးမှကုန်များကိုတင်ဆောင်လာပြီးနောက် ကုန်လှည်း အစီးငါးရာဖြင့် ကုန်အရောင်းအဝယ်ပြုရန် ထွက်လာကြလေသည်။
ဤသိုဖြင့် လင်းလွန်းပင်ရင်း၌ သတင်းသုံး ထိုင်နေတော်မူနေသော မြတ်စွာဘုရားရှင် ရှိရာအရပ်သို ရောက်ရှိလာကြလေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဘုရားအဖြစ်သိုရောက်ရှိပြီး ၄၉ရက်ကြာကာလဖြစ်သည်။ ညီနောင်နှစ်ဦးမှ ဘုရား ရှင်အား ပျားမုန့်ထုပ်များကပ်လှူကြလေသည်။
ဘုရားရှင် မုန့်များကိုသုံးဆောင်ပြီးသည့်နောက် ညီနောင်နှစ်ဦးတိုသည် ဘုရားရှင်ထံမှ လက်ဆောင်ကိုတောင်းခံကြလေ၏။ ထိုအခါ မြတ်စွာဘုရားသည်ဆံတော် (၈)ဆူကို ဦးခေါင်းတော်မှ လက်တော်ဖြင့်သပ်ယူကာ ပေးသနားတော်မူလေသည်။ မြတ်စွာဘုရား၏ဆံတော်တစ်ဆူစီသည် မဇိ္ဈမဒေ သ တိုင်းတာနှုန်းအရ လက်ရှစ်သစ် (သို) (၆) လက်မဝန်းကျင်ခန့် အရှည်ရှိကြ၏၊၊
ထိုနောက် ညီနောင်နှစ်ဦးသည် ဆံတော်များကို ပတ္တမြားကြုတ်အတွင်းသိုထဲ့ပြီး လာရာလမ်းအတိုင်း လှည်းများ လှေများ ဖြင့် ပင့်ဆောင်သွားကြသည်။လမ်းခရီး၌ အဇ္ဈတ္တန ပြည်သိုအရောက်တွင် မင်းကြီးမှနေ၍ဆံတော်နှစ်ဆူကိုတောင်းခံ ရယူခဲ့လေသည်။ ထိုနောက် ရေလမ်းဖြင့် ဆက်လက်ခရီးနှင်လေရာ မြန်မာပြည်တောင်စွန်းရှိ နေဂရိသက် အငူသို ရောက်ရှိ သောအခါ ဇေယျသေနအမည်ရှိ နဂါးမင်းကလည်း ဆံတော်နှစ်ဆူကို အလှူခံပြီး နာဂပူရနဂါးပြည်သို သယ်ဆောင်သွားလေသည်။
ကျန်ရှိသော ဆံတော် (၄) ဆူထည့်ထားသည့် ပတ္တမြားကြုတ်ကို ပုလဲများအသုံးပြု၍ စေတီပုံစံတည်ထားကြောင်း ညီနောင်နှစ်ဦးမှ ဥက္ကလာပမင်းကြီးထံ သတင်းကောင်းပါးလေသည်။ ထိုအခါမင်းကြီးသည် ဆင်၊မြင်း၊ စစ်ရထား နှင့် ခြေလျင်တပ်တို ဝန်းရံလျှက် ရောက်ရှိလာပြီး ပုလဲစေတီတော်ကို သစ္စာအဓိဋ္ဌာန်ပြုကာ ရိုသေမြတ်နိုးစွာဖြင့် လက်ယာရစ် လှည့်လည်ပူဇော် လေသည်။ မင်းကြီးပြုသော သစ္စာအဓိဋ္ဌာန်ကြောင့် ဆံတော်များပွားလာကာ နဂိုရှိသော ပမာဏအတိိင်း (၈)ဆူပြန်လည်ဖြစ်ပေါ်သွားလေသည်။
ထိုနောက် မင်းကြီးနှင့် ညီနောင်နှစ်ဦးတိုသည် ဆံတော်မြတ်များကို သယ်ဆောင်ပြီး အသိဉ္စနမြိုသိုပြန်ကြလေသည်။ သက္က သကြားမင်း၊ ဥက္ကလာပ မင်းနှင့် ညီနောင်နှစ်ဦးတိုသည် ဆံတော်ရှစ်ဆူကို ယခင်ပွင့်ခဲ့ပြီးသောဘုရားသုံးဆူ၏ အသုံးဆောင်ပစ္စည်းများဖြစ်သော ကကုသန် ဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံဘုရား၏ ရေစစ်တော် ကဿပ ဘုရား၏ ရေသနုပ်တော် တိုနှင့်အတူ အသိဉ္စနမြို၏အရှေ့ဘက်တွင်ရှိသည့်သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီအဖြစ် တည်၍ ထည့်သွင်း ဌာပနာရန်သဘောတူဆုံးဖြတ်ခဲ့ကြလေသည်။
ဌာပနာထည့်သွင်းခြင်းကို တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်ခဲ့ကြသည်။ ဌာပနာတိုက် တည်ဆောက်ရန်အတွက် ဇောက်(၄၄)တောင်၊အနံ (၄၄) တောင်ရှိသည့် ဥမင်လိုဏ် ခေါင်းတစ်ခုကို တူးခဲ့၏။ ဌာပနာတိုက်အတွင်းတွင် အမျိုးမျိုးသော ကျောက်မျက် ရတနာများကို ဒူးခေါင်း အထိမြှပ်အောင် ဖြည့်သွင်းခဲ့သည်။ ထိုရတနာများပေါ်တွင် ဌာပနာပစ္စည်းများ ထဲ့ထားသော ရတနာလှေကိုထားရှိလေသည်။
ရွှေကျောက်ဖျာကို ဌာပနာတိုက်၏အပေါ်မှဖုံးအုပ်စေ၍ (၄၄) တောင်အမြင့်ရှိ ရွှေရောင် တဝင်းဝင်းထနေသည့် စေတီကိုတည်ထားခဲ့လေသည်။ ထိုစေတီအပေါ်မှနေ၍ ငွေရောင်စေတီ၊ ထိုနောက် ရွှေနှင့်ကြေးနီရောစပ်ထားသောစေတီ၊ ကြေးညိုရောင်စေတီ၊ သံရောင်စေတီ၊ စကျင် ကျောက်စေတီတိုဖြင့် ထပ်၍ထပ်၍ ငုံကာတည်ထားခြင်းဖြစ်သည်။
ရွှေကျောက်ဖျာကို ဌာပနာတိုက်၏အပေါ်မှဖုံးအုပ်စေ၍ (၄၄) တောင်အမြင့်ရှိ ရွှေရောင် တဝင်းဝင်းထနေသည့် စေတီကိုတည်ထားခဲ့လေသည်။ ထိုစေတီအပေါ်မှနေ၍ ငွေရောင်စေတီ၊ ထိုနောက် ရွှေနှင့်ကြေးနီရောစပ်ထားသောစေတီ၊ ကြေးညိုရောင်စေတီ၊ သံရောင်စေတီ၊ စကျင် ကျောက်စေတီတိုဖြင့် ထပ်၍ထပ်၍ ငုံကာတည်ထားခြင်းဖြစ်သည်။