ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာလျက်ရှိသည့် ယာဥ်များလိုက်နာရမည့်အချက်များကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ဇွန် ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့သော ယာဥ်(၆)စီးဆင့်တိုက်မှုအပြီး၌ ထပ်မံသတိပေးခဲ့သည်။ အမြန်လမ်းအသုံးပြုသည့် အဝေးပြေးခရီးသည်တင်ယာဥ်များအားလုံးအနေဖြင့် သတ်မှတ်အမြန်နှုန်းအောက်သာမောင်းနှင်ရန်၊ တစ်စီးနှင့်တစ်စီး ကပ်မလိုက်ရန်၊ ယာဥ်အားလုံးအနည်းဆုံး ပေ(၃၀၀)အကွာထား၍မောင်းနှင်ရန် သတိပေးခဲ့သည်။ ယာဉ်မောင်းများအနေဖြင့် မည်သည့်အကြောင်းဖြင့်ရပ်ရပ် မြေသားလမ်းတာပေါင်အတွင်းသို့ အပြည့်အဝရောက်ရှိရပ်တန့်ရန်၊ ညအခါ လမ်းဘေးမြေသားပေါ်ရပ်နားစဥ် Parking Light ရပ်နားမီး၊ လမ်းမပေါ်/ယာဥ်ကြောပေါ် အရေးပေါ်ရပ်တန့်စဥ် Hazard…