Month: November 2026
ပြည်သူတွေကို အဆိပ်ခတ်နေတဲ့ ပြည်ဖျက်မီဒီယာများရဲ့ လုပ်ကြံဝါဒဖြန့်မှု (ပုံဟောင်းများနဲ့ ဂျင်းထည့်ခြင်း)
မြေပြင်အခြေအနေမှန်တွေကို လေ့လာကြည့်မယ်ဆိုရင်… ပုဏ္ဏားကျွန်းမြိုနယ်ကို တပ်မတော်က အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို၊ ငပြီးကျွန်းဘက်မှာလည်း တပ်မတော်ရဲ့ ဖိအားပေးမှုတွေ ကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ အပြင်းအထန် စိတ်ဓာတ်ကျဆင်းနေပြီး စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေပါပြီ။ […]
ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်နယ်စပ်ဒေသတွင်အခြေပြု၍ ထိုင်းနိုင်ငံ၏ အစိုးရဝန်ထမ်းများအဖြစ်အယောင်ဆောင်ကာ ထိုင်းနိုင်ငံသားများအား ပစ်မှတ်ထား လိမ်လည်နေသော Online Scam Center များအား ထိရောက်ပြင်းထန်စွာနှိမ်နင်း
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသားမျိုးနွယ်အားလုံးကို အတိဒုက္ခပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများကို ထိရောက်ပြတ်သားစွာ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ အချို့သောနယ်စပ်ဒေသများ၌ ပြည်ပနိုင်ငံသားအချို့သည် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် […]
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေထုတ်ပြန်ထားသည့် တရုတ်နိုင်ငံသား တရားခံ ၁ ဦးအပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ ၁၀၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး
နိုင်ငံတော်အစိုးရအနေဖြင့်ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့်အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကိုအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (Ministry of Public Security– MPS) နှင့်လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုမှ ဆုကြေးငွေထုတ်ပြန်ထားသည့် တရားခံ ၄၃ ဦး အမည်စာရင်း၌ပါရှိသူ Su Fu Quan (ဆူးဖုချွမ်)ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ် ကိုင်နေကြောင်းသတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များကစုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ […]
