ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် SSLGold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲ၏ ၁၆ သင်းအဆင့်သို တက်ရောက်လာသည့် မြန်မာအသင်းသည် ဂျပန်၊ ထိုင်းနှင့် လစ်သူရေးနီးယားအသင်းတိုနှင့် အုပ်စုတွင်းပြိုင်ပွဲများ ယနေ့စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားပြု SSL Team Myanmar သည် ၁၆ သင်းအဆင့်တွင် အဆိုပါအသင်းသုံးသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုတွင်း ပထမနှင့် ဒုတိယနေရာရရှိသည့် အသင်းနှစ်သင်းသာ နောက်တစ်ဆင့်သို တက်ရောက်ခွင့်ရမည်ဖြစ်သည်။
၁၆ သင်းအဆင့် ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ကြာ ကျင်းပမည်ဖြစ်သည်။
SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို၌ နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ကျင်းပလျက်ရှိသည်။






