အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေကို အမြစ်ပြတ်နှိမ်နင်းဖို အားလုံးမှာ တာဝန်ရှိပါတယ်

နယ်စပ်ဒေသတွေမှာ အခြေပြုပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှု (Online Scam Center) တွေကို အစိုးရက ထိထိရောက်ရောက် နှိမ်နင်းဖမ်းဆီးနေတာဟာ အင်မတန် ကြိုဆိုရမယ့် ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။

ဒီလုပ်ငန်းတွေဟာ AI နည်းပညာတွေသုံးပြီး ပြည်သူတွေရဲ့ ငွေကြေးကို လိမ်လည်ရုံသာမက လူကုန်ကူးမှုနဲ့ နိုင်ငံတော်လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကြီး ဖြစ်နေလိုပါပဲ။

ဒါကို အမျိုးသားရေးတာဝန်တစ်ရပ်လို ခံယူပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ လက်တွဲနှိမ်နင်းနေတာဟာ တိုင်းပြည်ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရာ ရောက်ပါတယ်။

ဒါပေမဲ့ ဒီလိုဒုစရိုက်လုပ်ငန်းတွေ အမြစ်ပြတ်ဖိုဆိုရင် အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေချည်းပဲ လုပ်ဆောင်နေရုံနဲ့ မလုံလောက်ပါဘူး။ ပြည်သူတွေဘက်ကလည်း မသင်္ကာဖွယ် Link တွေ၊ မက်လုံးပေး ကြော်ငြာတွေကို အထူးသတိထား ရှောင်ကြဉ်ဖို လိုသလို မသင်္ကာစရာ လုပ်ငန်းတွေတွေ့ရင်လည်း သက်ဆိုင်ရာကို အချိန်မီ သတင်းပေးပိုဖို အရေးကြီးပါတယ်။

အစိုးရ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပြည်သူလူထုအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ ဒီအွန်လိုင်းလိမ်လည်မှုကို အမြစ်ပြတ် ရှင်းလင်းနိုင်မှာ ဖြစ်တဲ့အတွက် အားလုံးလက်တွဲညီညီနဲ့ ပူးပေါင်းပါဝင်တိုက်ဖျက်ကြဖို ပြောလိုပါတယ်။

မှိင်းဝေ

Leave a Reply

Your email address will not be published. Required fields are marked *