ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်၍ ရေခိုးသွယ်ယူခြင်းနှင့် တရားမဝင် ရေဆက်သွယ်အသုံးပြုခြင်းများ ပြုလုပ်ပါက ငွေဒဏ်ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က အသိပေးကြေညာသည်။ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ခြင်း၊ နေအိမ်အတွင်း ဆက်သွယ်ယူခြင်း၊ ဆင့်ပွားပိုက် တပ်ဆင်ခြင်းနှင့် မော်တာ သိုမဟုတ် တုံကင်သုံး၍ ရေရယူခြင်းများကို တားမြစ်ထားသည်။ မူလတပ်ဆင်ထားသည့် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ…