အချိန် ၄ရက်လောက်နဲ့ အိမ်လုပ်သန့်ရှင်းလတ်ဆပ်တဲ့ ဝက်သားချဉ်ကိုရမှာပါ။ သဘာဝနည်းနဲ့အချဉ်ခံတဲ့နည်းလေးလည်းဖြစ်ပါတယ်။
လိုအပ်တာတွေကတော့
၁။ ဝက်သားကြိတ်သား ၅၀၀ဂရမ်
၂။ ဝက်ခေါက် အနည်းငယ်
၃။ ကြက်သွန်ဖြူ ၁၅မွှာ
၄။ ဆား ၁ဇွန်းခွဲ
၅။ သကြား ဇွန်းဝက်
၆။ ထမင်းဖြူ အနည်းငယ်
၇။ ငရုတ်သီး ၈တောင့်
လုပ်နည်း
ဝက်ခေါက်ကိုရေစင်စင်ဆေးပြီး ရေနွေးမှာ ထည့်ပြုတ်ပါ။ လှီးလို့လွယ်ကူမယ့်အနေအထားမှာ အအေးခံပြီး ပါးပါးရှည်ရှည်လေးလှီးထားပါ။ ကြက်သွန်ဖြူကို ကြိတ်ထားပြီး ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။
အဝကျယ် ဇလုံထဲ ဝက်သားကြိတ်သား၊ ဝက်ခေါက်၊ ကြက်သွန်ဖြူ၊ဆား၊သကြား၊ထမင်းဖြူ၊ငရုတ်သီးစိမ်း အားလုံးရောထည့်ပြီး လက်အိတ်သုံးပြီးနယ်ပါ။ လေလုံဘူး (သို့မဟုတ်) Plastic wrap နဲ့ လေလုံအောင်ထုပ်ပြီး အခန်းအပူချိန်မှာ ၃၊၄ ရက်ထားပြီးပါက အိမ်လုပ်ဝက်သားချဉ်လေးရပါပြီ။ ရေခဲသေတ္ဘ္တာထဲပြောင်းထည့်ပြီး သုတ်ပဲစားစား၊ ထမင်းနဲ့ကြော်ပြီးပဲစားစား အရသာရှိတဲ့ ဝက်သားချဉ်ကိုရပါတယ်။
