တပ်မတော်သားမိသားစုဝင်များ Naypyitaw Polytechnic Institute သို့ တက်ရောက်သင်ကြားနိုင်ရေး အကြောင်းကြားပေးခြင်း

        တပ်မတော်သား မိသားစုဝင်များ Naypyitaw Polytechnic Institute တွင် ပညာသင်ကြား တက်ရောက်နိုင်ပါပြီ

စစ်မှုထမ်းဆဲနှင့် စစ်မူထမ်းဟောင်းများ၏သားသမီးများ ပညာရည်မြင့်မားတိုးတတ်စေရေး နေပြည်တော်တွင် ဖွင့်လှစ်မည့် Naypyitaw Polytechnic Institute တွင်တက်ရောက်နိုင်ရေး စစ်ရေးချုပ်ရုံးမှ ထောက်ခံပြီးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Naypyitaw Polytechnic Institute အား ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိပြီးဖြစ်ရာ ပထမနှစ်(အဆင့်-၄)သင်တန်းများသို့ ၂ဝ၂၅-၂၀၂၆ (၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ)တွင် တက်ရောက်နိုင်ရေး အောက်ပါ အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားခွင့်ရှိပါသည်-
(က) ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် KG+12 စနစ်ဖြင့် အခြေခံ ပညာအထက်တန်းအဆင့်ပြီး မြောက်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူများ။
( ခ ) ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် KG+12 စနစ်ဖြင့် အခြေခံပညာအထက်တန်းအဆင့်ပြီး မြောက်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် ကျရှုံးသူများ။
(ဂ) ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ပြီးမြောက် အောင်မြင်သူများ။
(ဃ) ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် KG+12 စနစ်ဖြင့် အခြေခံပညာအထက်တန်းအဆင့်ပြီး မြောက်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် အောင်မြင်သူများနှင့်ကျရှုံးသူများ။

(င) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် အောင်မြင်သူများနှင့် ကျရှုံးသူများ။

အဆိုပါ Naypyitaw Polytechnic Institute တွင် ဖွင့်လှစ်ရန်လျာထားသည့် MNQF (အဆင့်-၄) သင်တန်း ၁ဝ မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) မြို့ပြအင်ဂျင်နီယာ(မြေတိုင်း)။
(ခ) လျှပ်စစ်ပါဝါအင်ဂျင်နီယာ(စက်မှုစက်ထိန်းချုပ်မှု)။
( ဂ ) အီလက်ထရွန်နစ်အင်ဂျင်နီယာ(နေရောင်ခြည်စွမ်းအင်တပ်ဆင်ခြင်း)။
(ဃ) သတင်းအချက်အလက်နည်းပညာ(ဝဘ်ဒီဇိုင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေး)။
(င) သတင်းအချက်အလက်နည်းပညာ(ကွန်ပျူတာထိန်းသိမ်းခြင်းနှင့် ကွန်ယက်ချိတ်ဆက်ခြင်း)။
( စ ) လျှပ်စစ်အင်ဂျင်နီယာ(Metal Fabrication Technology)။
(ဆ)စက်မှုအင်ဂျင်နီယာ(Industrial Wiring Installation)။
( ဇ ) လယ်ယာသုံးစက်ယန္တရားနည်းပညာ(လယ်ယာသုံးစက်ယန္တရားအသုံးချမှု)။
(ဈ) အစားအသောက်နည်းပညာ(အစားအသောက်စီမံခြင်း)။

(ည) ပလတ်စတစ်နှင့်ရော်ဘာနည်းပညာ(ပလတ်စတစ်နှင့် ရော်ဘာထုတ်လုပ်ရေး)။

Naypyitaw Polytechnic Institute သို့ တက်ရောက်သင်ကြားမည့် အနေဖြင့် ကျောင်းသား/ကျောင်းသူများ အောက်ပါအတိုင်းအကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်-
(က) သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်မှုအခမဲ့၊ စားသောက်မှုအခမဲ့ ခံစားခွင့်ရှိပါသည်။
(ခ) နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာအောင်လက်မှတ် ၁ နှစ်သင်တန်း ဘက်ရောက်အောင်မြင်ပါက နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာ ဒီပလိုမာအခြေခံအဆင့် အောင်လက်မှတ်ရရှိပါမည်။
(ဂ) နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာအောင်လက်မှတ် ၁ နှစ်သင်တန်း Qualify အဆင့်မီ အောင်မြင်ပါက ဒီပလိုမာ ၂ နှစ် သင်တန်း ဆက်လက်တက်ရောက်ခွင့်ရရှိပါမည်။

(ဃ) နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာ ဒီပလိုမာ ၂ နှစ်သင်တန်း တက်ရောက် အောင်မြင်ပါက အင်ဂျင်နီယာဘွဲ့(B.E)/ အင်ဂျင်နီယာနည်းပညာဘွဲ့ (B.Tech) ရရှိမည် ဖြစ်ပါသည်။

သတ်မှတ်ချက်နှင့်ကိုက်ညီသည့် စစ်မှုထမ်းဆဲ၊ ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံးနှင့် စစ်မှုထမ်းဟောင်း သား/သမီးများ လျှောက်ထားနိုင်ပါကြောင်းနှင့် အထက်ပါလျှောက်ထားလာသည့် ကျောင်းသား/ကျောင်းသူများနှင့်ပတ်သက်၍ လျှောက်လွှာ ပုံစံ ၁ စုံ၊ Kg+12 အမှတ်စာရင်းမိတ္တူ ၁ စုံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ အောင်မြင်သည့် လက်မှတ်မူရင်း ၁ စုံတို့အား တင်ပြရမည်ဖြစ်ကြောင်း သိရှိရပါသည်။

PCT (https://t.me/pctmm11)

Leave a Reply

Your email address will not be published. Required fields are marked *